Saturday 5 July 2014

studnet visa to USA အမေရိကန် ကျောင်းသား ဗီဇာလျောက်မယ်ဆိုရင်

၁။ online မှာ DS-160 form ဖြည့်ရမယ်။ ဖြည့်ပြီးရင် confirmation စာမျက်နျှာ မှာ ဘားကုဒ်ထည့်။ ပြီးရင် ရက်ချိန်းတောင်း ပြီး -print ထုတ်။ တပတ်စောင့်။ 

၂။ DS- 157, DS 158 နဲ့ မိသားစုစာရင်းနဲ့ အလုပ်အကိုင်ပြ စာရွက်ပုံစံ ( additional form) ကို ဖြည့်ထား။ ကျောင်းသားဗီဇာဖြစ်တဲ့အတွက်.. ကျောင်းသားဗီဇာလျောက်လွှာပါဖြည့်ရမယ်။

၃။ ပတ်စ့်ပို့ ၆လသက်တမ်းအနည်းဆုံး။
၎။ ကာလာဓါတ်ပုံ။ ၂လက်မပတ်လည်။ ၆လထက် မကျော်ရ။
၅။ I-20 SEVIS Form ( ကိုယ်တက်မဲ့ကျောင်းက ထုတ်ပေးမယ်) မူရင်းနဲ့ မိတ္တူ ။
၆။ I-20 SEVIS ကြေးပေးထားတဲ့ ဖြတ်ပိုင်း။
၇။ ကျောင်းလခပေးနိုင်တဲ့ ဆိုတဲ့ ငွေကြေးအထောက်အထား ( အနည်းဆုံး ၁နှစ်စာ)
၈။ SAT, Toefl or IElTS လက်မှတ်။
၉။ professional သို့ academic နဲ့ ပက်သက်သော စာ၇ွက်စာ တမ်းများ။
၁၀။ ရက်ချိန်းတောင်း ပြီး -print ထုတ်တဲ့ စာရွက်
၁၁။ ဗီဇာလျောက်ကြေး US$ ၁၆၀။

ဒါကတော့ အနည်းဆုံးသိထားသင့်သော အချက်များဖြစ်ပါတယ်။

No comments:

Post a Comment