Saturday 5 July 2014

ဂျပန်မှာကျောင်းတက်မယ်ဆိုရင် ..


၁နှစ်ကို ကျူရှင် လ၁က ယမ်း ၅သိန်းခွဲ လောက်ရှိတယ်။ ပေးရမှာ က ကျူ ရှင်လခ။ ကျောင်းဝင်ကြေး နဲ့ စာမေးပွဲ ဖြေခွင့်ကြေးဆိုပြီး ( ယမ်ဒ ၃၀၀၀၀ လောက်ရှိ) ခွဲထားတယ်။ 
စုစုပေါင်းဆိုရင်တော့ ယမ်း ၆၀၀၀၀၀ လောက်ကျမယ်။ မြန်မာငွေနဲ့ ဆိုရင်တော့ သိန်း ၆၀ လောက်ပေါ့..

နေစ၇ိတ်ကတော့ ဒီထက်များမယ်..တစ်လကို ၁၀သိန်းအထက်ပဲ။ ဒါပေမဲ့ ဂျပန်မှာက အလုပ် လုပ်လို့ ရတယ်။

တကယ်လို့ ကျောင်းတက်မယ်ဆိုရင်

၁။ တက္ကသိုလ်တက်မှာလား?
၂။ အလုပ်သင်-သင်တန်း ကျောင်း တက်မှာလား (special training school/ vocational school)

၁။ တက္ကသိုလ်တက်မယ်ဆိုရင်- BA ဘွဲ့ -ရိုးရိုး ဘွဲ့ ဆိုရင် အနညှ်းဆုံး ၄နှစ်တက်ရမယ်။ မဟာဘွဲ့ ဆိုရင် MA ၁နှစ်-၂နှစ် ပေါ့။

ကျောင်းပြီးရင်- Internship - (အလုပ်သင် Training) ကို ၆ လ-၁နှစ် ဖြစ်ဖြစ် ကုမ္ပဏီတွေ - အစိုးရ အဖွဲ့ အစည်း တွေ..စသည့်ဖြင့် လုပ်ချင်တယ်ဆို လုပ်လို့  ရပါတယ်။ အတွေ့အကြုံ ရတာပေါ့။ လခရတာလည်းရှိ။ မရတာလည်း၇ှိတယ်။

ကျောင်းစရိတ်က တော့ scholarship ( ထောက်ပံ့ကြေးငွေ) လျောက်လည်း၇တယ်။ ကိုယ်ပိုင်ငွေလည်းရတယ်။

အလုပ်လုပ်ရင်းကျောင်းတက်မယ်ဆိုရင်တော့ ကိုယ့်တက်မဲ့ ကျောင်းရဲ့  ကျောင်းသားရေးရာဌာနမှာ အကူအညီ တောင်းနိုင်ပါတယ်။

၂။ အလုပ်သင်-သင်တန်းကျောင်း တက်မယ်ဆို၇င် ကိုယ်ဆက်သွယ်တဲ့ သင်တန်း . အေးဂျင်စီတွေပေါ်မှာ မူတည်တယ်။ ဘယ်လောက်ကုန်လည်း-ဘယ်လောက်ကြာမှာလည်း ပြီးရင်ကော ဘာလက်မှတ်ရမှာလည်း.. အတွေ့အကြုံ ကော တခါတည်း ရသွားမှာလား ဆိုတာကို သေချာ စုံစမ်းသင့်ပါတယ်။

No comments:

Post a Comment