Friday, 4 July 2014

ဘန်ကောက်က Mahidol University မှာတက်ရန် စိတ်ဝင်စားသူများအတွက်

ဘန်ကောက်က Mahidol University မှာတက်ရန် စိတ်ဝင်စားသူများအတွက် 
Mahidol University က ဆေးမှာနာမည်ကြီး. အခြား ဘာသာရပ်များလည်း၇ှိပါတယ်။ 

ဆေးကျောင်းဝင်ခွင့်ကို အရင်ဆုံးကြည့်ရအောင်.. တစ်နှစ်ကို Semester 3ခု တက်ရပါတယ်.. Semester ၁ ခု ကို ဘတ်ငွေ ၁၀၀၀၀၀ ကျော် လောက်ကျမယ်.. ကျေင်းအပ်က ၁ နှစ်ကို ၃၀၀၀၀ ကျော်လောက်ရှိတယ်... ၁နှစ် စုစုပေါင်းဆိုရင်တော့  ထိုင်းဘတ် ၃၅၀၀၀၀ လောက်ပေါ့။ မြန်မာ ငွေနဲ့ ဆိုရင် တော့ သိန်း ၁၂၀ လောက်ပေါ့.. နေတာ က အဆောင်မှာ နေလည်းရသလို ကျောင်းက campus မှာလည်းရတယ်.. အဲဒါက တစ်လကို ဘတ်၁၀၀၀၀ လောက်ကျမယ်... ကျောင်းက မြို့ ပြင်မှာဆိုတော့  မြို့ ထဲ သွားချင်ရင်ဘတ်စ် -ကကစီး..

၁. Online application form
၂. ၃*၄ လက်မ ရုံးသုံး ဓါတ်ပုံ
၃. အထက်တန်းအောင်လက်မှတ်- သို့  - ဘွဲ့ လက်မှတ် ( ပညာရေးဝန်ကြီးဌာန က တံဆိပ်နှိပ်ပြီး- အဲဒါက နိုတြီး စင်တာမှာ ပြောလို့ ရပါတယ်- certified by Ministry of education ဆိုပြီး.. တချို့ တြီး စင်တာ က ၀န်ကြီးဌာန ကခွင့်ပြုမိန့် 
ရှိပြီးသား
၎. အမှတ်စာရင်း ( official Transcript) ပညာရေးဝန်ကြီးဌာန က တံဆိပ်နှိပ်ပြီး- အဲဒါက နိုတြီး စင်တာမှာ ပြောလို့ ရပါတယ်- certified by Ministry of education ဆိုပြီး.)

၅. ပတ်စ်ပို့ ကော်ပီ
၆. TOEFL score of အနည်းဆုံး 79 (IBT) နဲ့ အထက် / IELTS score of 6.0 နဲ့ အထက်/SAT 1 (Critical Reading and Writing) score of 1100 နဲ့ 
အထက် - အများဆုံး ၂နှစ်သက်တမ်း ထက်မပိုရ။
၇. ထောက်ခံစာ ၂ စောင်
၈. လျောက်ကြေး ၁၂၅၀ ဘတ်

ကျောင်းလျှောက်လွှာနဲ့ စာ၇ွက်စာတမ်းအားလုံးကို စာတိုတ်မှ တဆင့်ပို့ ပေးနိုင်သလို လူကိုယ်တိုင်လည်း သွားလျောက်နိုက်တယ်။

ပြီးရင်တော့ လူတွေ့ အင်တာဗျူးဖြေ..အောင်ရင်တော့ ဆေးကျောင်းတက်လို့ရပြီပေါ့။

ပေးပို့ ၇မယ့်လိပ်စာက
“Admissions Office”
Mahidol University International College
999 Bhudhamonthon 4 Road
Salaya Nakornpathom 73170
Thailand

သြော်.... Online application form က ဒီမှာ စာရင်းသွင်းပြီးဖြည့်ရမယ်နော်..

http://sky-p.mahidol.ac.th/#login

No comments:

Post a Comment