Friday, 4 July 2014

Assumption University မှာ Business မေဂျာတက်လို သူများအတွက်

Assumption University မှာ Business မေဂျာတက်လို သူများအတွက်

Assumption University က ထိုင်းမှာ ထိပ်သီး Business School ပါ။ တစ်နှစ်ကို Semester 2-3ခု တက်ရပါတယ်.. Semester ၁ ခု ကို ဘတ်ငွေ ၆၀၀၀၀ လောက်ကျမယ်.. ကျေင်းအပ်က ၁ နှစ်ကို ၃၀၀၀၀ ကျော်လောက်ရှိတယ်... ၁နှစ် စုစုပေါင်းဆိုရင်တော့  ထိုင်းဘတ် ၁၅၀၀၀၀ လောက်ပေါ့။ မြန်မာ ငွေနဲ့ ဆိုရင် တော့ သိန်း ၅၀ လောက်ပေါ့.. နေတာ က အဆောင်မှာ နေလည်းရသလို ကျောင်းက campus မှာလည်းရတယ်.. အဲဒါက တစ်လကို ဘတ်၁၀၀၀၀ လောက်ကျမယ်... ကျောင်းက မြို့ ပြင်မှာဆိုတော့  မြို့ ထဲ သွားချင်ရင် boat ferry က အကောင်းဆုံးဘဲ...

လိုအပ်တဲ့ စာရွက်စာတမ်းတွေ ကတော့

၁. အထက်တန်းအောင်လက်မှတ်- သို့  - ဘွဲ့ လက်မှတ် ( ပညာရေးဝန်ကြီးဌာန က တံဆိပ်နှိပ်ပြီး- အဲဒါက နိုတြီး စင်တာမှာ ပြောလို့ ရပါတယ်- certified by Ministry of education ဆိုပြီး.. တချို့ တြီး စင်တာ က ၀န်ကြီးဌာန ကခွင့်ပြုမိန့် ရှိပြီးသား
၂. အမှတ်စာရင်း ( official Transcript) ပညာရေးဝန်ကြီးဌာန က တံဆိပ်နှိပ်ပြီး- အဲဒါက နိုတြီး စင်တာမှာ ပြောလို့ ရပါတယ်- certified by Ministry of education ဆိုပြီး.)

၃. ပတ်စ်ပို့ ကော်ပီ
၎. ၃*၄ လက်မ ဓါတ်ပုံ
၅. TOEFL score of 173 (CBT) / 70 (iBT) / 500 (PBT) အနည်းဆုံး

အနည်းဆုံး IELTS score of 5.0 အများဆုံး ၂နှစ်သက်တမ်း
SAT 1 (Mathematics) score of 500 နဲ့ အထက်

တကယ်လို့ ဒါတွေ မရှိထားရင်.. Assumption University က စစ်တဲ့  အင်္ဂလိပ် နဲ့  သချာင်္ စားမေးပွဲ ၀င်ဖြေ..သတ်မှတ်ထားတဲ့ အမှတ်ရရင် ကျောင်းတက်လို့ ၇တယ်။

ကျောင်းလျောက်ရမဲ့ ရက်တွေကတော့ ၂၀၁၄ နှစ် ပထမ semesterက ပိတ်သွားပါပြီ... ဒုတိယ semester ဖွင့်ရက်က အောက်တိုဘာ ၁ ရက်မှ နိုဝင်ဘာ ၅ရက် နေ့ အထိ..

စာရင်သွင်းမဲ့ ရက်က ဇန်န၀ါရီ ၈-၉။ ၂၀၁၅ .. ကျောင်းစမှာက ဇန်န၀ါရီ ၁၂ ရက် ၂၀၁၅ ..

Scholarship လျောက်မယ်ဆိုရင်တော့  မြန်မာကျောင်းသားတွေကို သီးသန့် ပေးတဲ့ အဖွဲ့ ရှိတယ်.. အဲဒါက ဇန်န၀ါရီ ၂၀၁၅ .. လောက်စမယ်။ နောက်မှ တင်ပေးမယ်။

No comments:

Post a Comment