၁။ ချင်းမိုင် တက္ကသိုလ် ကထိုင်းအစိုးရကျောင်းပါ။ အဲဒီမှာတက် မယ်ဆိုရင် တော့ ဘာသာရပ်အလိုက် ကျူရေးရှင်း( ကျောင်းလခ)အမျိုးမျိုးရှိပါတယ်။
၁နှစ်ကို Semester ၂ ခုတက်ရပါတယ်..၁ ခု ကို ၄ လလောက်ကြပါတယ်။ Semester ၁ခုကို ဘတ်ငွေ ၇၀၀၀၀ နဲ့ ၈၀၀၀၀ ( သိန်း ၁၀ နဲ့ ၂၅သိန်းဝန်းကျင်) လောက်ရှိပါတယ်။ ဒါကကျောင်းလခ သက်သက်ပါ။
အဆောင်ကတော့  ကျောင်းပတ်ဝန်းကျင်မှာ အများကြီးရှိပါတယ်..ဈေးပေါ်မူ တည်ပြီးတော့ အခန်းကြီးငယ်. သပ်ရပ်ပုံကွာပါတယ်. အနဲးဆုံးဆို ရင်တော့  ဘတ်၂၅၀၀ ( ၆၅၀၀၀ ကျပ်) ဆိုရင် အလယ်အလတ် အခန်းရပါတယ်။ စားသောက်တာကတော့  ပုံထမင်းဟင်းတစ်ပွဲ ကို ဘတ်၃၀/၃၅ ဆိုရင် ရပါပြီ..
ကျောင်းပတ်ဝန်းကျင်မှာ နေရင်တော့ စက်ဘီး/ဆိုင်ကယ်/ လမ်းလျှောက်ရင် ရပါတယ်။ ချင်းမိုင်မှာစက်ဘီး/ လမ်းလျှောက် သိပ်မရှိပါဘူး.. ဆိုင်ကယ်က တော့ လူတိုင်းလိုလိုစီးကြပါတယ်။
ထပ်မံဖော်ပြပေးပါ့မယ်။
No comments:
Post a Comment